နိုင်ငံရေးကို ထင်ဟပ်စေခဲ့တဲ့ မြန်မာပြည် Underground က အကုသိုလ်

တွံတေးမြို့ကနေ ရန်ကုန်ကို လာရောက်ပြီး Hip Hop သီချင်းတွေကို ရူးသွပ်စွာ သီဆိုတဲ့ အဆိုတော် ဇော်ဘိုဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို  သူ့ရဲ့ အကုသိုလ်ခွေထဲမှာ ထည့်သွင်းသီဆိုခဲ့ပြီး လူငယ်များရဲ့ အားပေးခြင်းကို ရရှိခဲ့ပါတယ်။

ရေဗန် ဒီဇင်ဘာ ၂၂။၂၀၁၈။

Hip Hop ဂီတဟာ လူငယ်တွေကြားမှာ ရေပန်းအလွန်စားတဲ့ ဂီတအမျိုးအစား တခုဖြစ်ပြီး သေချာ နားမထောင်ဖူးတဲ့ လူတွေ အတွက်တော့ သိပ်အမြင်ကြည်စရာမရှိတဲ့ ဂီတအမျိုးအစားတခုပါ။ မြန်မာပြည်မှာ ဒီ ဂီတရေစီးကြောင်းဖြစ်ပေါ်လာခဲ့တာ နှစ် ၂၀ ကျော် သက်တမ်းရှိပြီလို့ ဆိုရပါမယ်။

ဒါပေမယ့် ပရိသတ်ရှေ့ကို စစ်မှန်တဲ့ Hip Hop သီချင်းတွေကို သီဆိုပြီး ရောက်လာသူတွေက မရှိသလောက် ရှားလွန်းတာကို တွေ့မြင်ရမှာပါ။

ဒီအချိန်မှာ ထူးထူးခြားခြား နာမည်တခုနဲ့ Hip Hop အယ်လ်ဘန်တခု ထွက်လာပါတယ်။ အယ်လ်ဘန်ရဲ့ နာမည်က “အကုသိုလ်” လို့အမည်ရပါတယ်။

အဲဒီအခွေကို ဆိုထားသူကတော့ T+I+B (Time Is Bars) လို့ အမည်ရတဲ့ Underground Hip Hop အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဇော်ဗိုလ်ဖြစ်ပြီး သူ့ရဲ့ Mixtape အကုသိုလ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇော်ဗိုလ်ဟာ တွံတေးမြို့ကနေ ရန်ကုန်ကို လာရောက်နေထိုင်ပြီး သီချင်းတွေ လုပ်နေတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ် တယောက် ဖြစ်ပါတယ်။ ဒီအခွေထွက်ပြီးတဲ့ နောက်မှာ Underground Hip Hop ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေက လူကြိုက်ပိုများခဲ့ပါတယ်။

ဘာတွေပြောင်းလဲပြီလဲ သီချင်းကိုတော့ Zaw Bo တစ်ယောက်တည်းက ဆိုထားပြီး သီချင်းခေါင်းစဉ်မှာ ကတည်းက တင်ဆက်ချင်တဲ့ အကြောင်းအရာကို ထိထိမိမိဖော်ပြထားပါတယ်။
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးကို စိတ်ထဲ ချက်ချင်းပုံဖော်မိစေပါတယ်။

ပြောချင်တဲ့အကြောင်းအရာကို တည့်တိုး တင်ဆက်ထားပြီး
သီချင်း တစ်ပုဒ်လုံးက အစိုးရကိုတိုက်ရိုက် shout out လုပ်တဲ့ပုံစံမျိုးနဲ့ ရေးစပ်ထားတာပါ။
စာသားတွေက အားကောင်းပြီး
ကတိပေးထားရင် ဖြစ်အောင်လုပ်ဖို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တရားဥပဒေ စိုးမိုးရေး၊ ကုန်ဈေးနှုန်း စသည်ဖြင့် ထိထိမိမိ တင်ဆက်ထားပါတယ်။

“ကျွန်” သီချင်းမှာတော့ WG (ဝေကြီး) နဲ့ တွဲဆိုထားပါတယ်။

“ပြောင်းလဲချိန်တန်ပြီဆိုတဲ့ခေါင်းစည်းနဲ့ … နားထောင်ကြည့်တော့ အဟောင်းကြီး” ဆိုတဲ့ သူ့သီချင်းစာသားကို ကြည့်ရင်သိနိုင်ပါတယ်။

ဒီနေ့ခေတ် အဖြစ်အပျက်တွေကို ထင်ဟပ်စေတဲ့ စာသားမျိုးတွေပါသလို၊ “နှစ် ၆၀ ကျော်တုပ်နှောင်ပြီး မြေပေါ်နဲ့မြေအောက်မှာရှိ သယံဇာတတွေ ထုတ်ရောင်းပြီး” လိုမျိုး တခါကနိုင်ငံရေးအဖြစ်အပျက်တွေကိုလည်း အားကောင်း လှပတဲ့ကာရံတွေနဲ့ shout out လုပ်ထားတာ တွေ့ရပါတယ်။

WG ကလည်း “မင်းတို့ ဝိုင်းပြီးစော်ကား အလောင်းမင်းတရားကြီး အရှက်ကွဲ” ဆိုတာမျိုး၊ “ဝိုင်းပြီးတော့တွန်းရှာပါတယ် တကယ်တမ်းတော့ တစက်လေးတောင်မရွေ့” စတဲ့ စာသားတွေနဲ့ တင်ဆက်မှုက ပေါ့ပါးတယ် ထင်ရပေမယ့်လည်း သေချာနားထောင်ရင် စီးစီးပိုင်ပိုင် ရှိလှပါတယ်။

အခွေလုပ်ဖြစ်တဲ့ အကြောင်း

ကြည့်မြင်တိုင်မှာ နေထိုင်တဲ့ သူငယ်ချင်းတဦးက ခေါ်သွားလို့ သီချင်းတွေတီးတဲ့ A LvL (ကောင်းမှု) ဆီ ရောက်သွားရာက T+I+B ဆိုတဲ့ အဖွဲ့ကို ဖွဲ့ဖို့ ဖြစ်လာခဲ့တယ်လို့ ဇော်ဗိုလ်က ဆိုပါတယ်။

ဒီအခွေဟာ အဖွဲ့ ဖွဲ့ပြီး လေးနှစ် အတွင်းမှာ ပထမဆုံးထွက်ရှိခဲ့တဲ့ Mixtape ဖြစ်ပြီး အခွေအတွက် ပြင်ဆင်ချိန် နှစ်နှစ်ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

1

နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ပိုပြီးဆိုဖြစ်တာကလည်း Hip Hop ဆိုတာ မကျေနပ်မှုတွေကို ထုတ်ဖော်ပြောလို့ အကောင်းဆုံး ဂီတ တခု ဖြစ်တာကြောင့် ခေတ်စနစ်နဲ့ ပတ်သက်တာတွေကို ပိုပြီး ဆိုဖြစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

3
အကုသိုလ် ခွေကြမ်း

အကုသိုလ်လို့ ခေါင်းစဉ်တပ်ဖြစ်ခဲ့ပုံ

မိသားစုအတွင်း အထောက်အပံ့ သေချာ မပေးနိုင်သူ၊ သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သူ စတဲ့ သူတွေကို အကုသိုလ်ကောင်လို့ ခေါ်လေ့ရှိပါတယ်။ သူကိုယ်တိုင်လည်း အခေါ်ခံရဖူးတာကြောင့် ဇော်ဗိုလ်ဟာ သူ့ရဲ့ တသီးပုဂ္ဂလ ခံစားချက်နဲ့ သူ့ရဲ့ခွေကို အကုသိုလ်လို့ နာမည်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းတန်းဝင်ခွေတွေလို နာမည်မပေးချင် တာကြောင့် သူ့ရဲ့ အနုပညာနဲ့ သူပေးချင်တဲ့ အရာတွေက ရောင်းတန်းဝင် သီချင်းတွေ မဖြစ်ရင်တောင် နားထောင်တဲ့ လူအနည်းငယ်အတွက် ရင်ထဲရောက်ဖို့ ကိုပဲ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။

ခွေမထွက်ခင် ကြုံတွေ့ရတဲ့ အခက်အခဲ

တကယ်ရူးသွပ်တဲ့ အရာတွေကို ပြုလုပ်နေတာကြောင့် အခက်အခဲတွေကို ကြုံရပေမယ့် ရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်တခုနဲ့ အားတင်းပြီး ကြိုးစားခဲ့ကြောင်းနဲ့  Hip Hop က စိတ်ထွက်ပေါက်ဖြစ်တာကြောင့်  ဘယ်လို အခက်အခဲပဲ ကြုံရ ကြုံရ သီချင်းရေးတာ၊ သီချင်းနားထောင်တာတွေ လုပ်လိုက်ရင် ပြန်ပြီး အားတွေ ရှိသွားတယ်လို့ ဆိုပါတယ်။

အခက်အခဲဆိုတာကို ကြုံရပြီိ ဆိုတာနဲ့ အခက်အခဲကို ကျော်ဖြတ်ဖို့ပဲ တွေးထားတာကြောင့် အခက်အခဲကို စနစ်တကျ ဖျက်ဆီးဖို့ပဲ တွေးထားတယ်လို့ ဇော်ဗိုလ်က ပြောပါတယ်။

This slideshow requires JavaScript.

မျှော်လင့်ချက်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အနုပညာလုပ်ငန်းများ

ရန်ကုန်သား မဟုတ်ဘဲ ရန်ကုန်မှာ လာရောက် ကြိုးစားနေတဲ့ ဇော်ဗိုလ်ဟာ သူ့ရဲ့ အကြိုက်ဆုံး အဆိုတော် ဖြစ်တဲ့ Bigg Y ရဲ့ စကားအတိုင်းပဲ ပရိသတ်တွေ လက်ခံတဲ့ လူဖြစ်အောင်တော့ ကြိုးစားချင်ပြီး  အသိုင်းအဝိုင်းကျဉ်းကျဉ်းလေး ဖြစ်နေစေဦးတော့ သူ့အနုပညာကို နားလည်တဲ့ သူတွေ ကြိုက်ဖို့ လောက်ကိုပဲ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အခုဆိုရင်တော့ ဇော်ဗိုလ်ဟာ Hip Hop နဲ့ ပတ်သတ်တဲ့ Show ပွဲတွေကို စတင် သီဆိုနေရပြီဖြစ်ပြီး လူငယ်တွေရဲ့ လက်ခံအားပေးခြင်းကို ခံနေရတဲ့ အဆိုတော် တဦး ဖြစ်လာပါပြီ။

 

2
ပွဲတခုတွင် ဖျော်ဖြေစဉ်

photo by IMA

 

အခုထွက်ထားတဲ့ အကုသိုလ် အခွေပြီးတဲ့ နောက်မှာ အဖွဲ့လိုက် အခွေထပ်ထွက်ဖို့ ရှိနေပြီးတော့ မိဘတွေရဲ့ စိတ်ဆန္ဒအတိုင်း တက်လက်စ နည်းပညာတက္ကသိုလ်ကို ပြီးသွားအောင် ဆက်ပြီး တက်ဖို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ခွေကို အခမဲ့ဝေခဲ့တာ ဖြစ်ပေမယ့် ပရိသတ်လက်ခံလာအောင် ပြုလုပ်ပြီး Hip Hop နဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဇော်ဗိုလ်က ပြောပါတယ်။

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s