This is a story about me and my boyfriend visit around Myanmar(Burma),the most amazing country in the planet ❤️🇲🇲.Most of the photos are taken at Bagan and Southern Shan State.Wish you enjoy and warmly welcome to our country (Burma).








This is a story about me and my boyfriend visit around Myanmar(Burma),the most amazing country in the planet ❤️🇲🇲.Most of the photos are taken at Bagan and Southern Shan State.Wish you enjoy and warmly welcome to our country (Burma).








မြန်မာနိုင်ငံ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ကျွန်းတောလမ်း ပွဲဈေးကို ဖော်ပြပေးချင်ပါတယ်
I would like to introduce you the night market called KyunDawLann Night market that celebrates in our country,Yangon, Myanmar (Burma).






တွံတေးမြို့ကနေ ရန်ကုန်ကို လာရောက်ပြီး Hip Hop သီချင်းတွေကို ရူးသွပ်စွာ သီဆိုတဲ့ အဆိုတော် ဇော်ဘိုဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သူ့ရဲ့ အကုသိုလ်ခွေထဲမှာ ထည့်သွင်းသီဆိုခဲ့ပြီး လူငယ်များရဲ့ အားပေးခြင်းကို ရရှိခဲ့ပါတယ်။
ရေဗန် ဒီဇင်ဘာ ၂၂။၂၀၁၈။
Hip Hop ဂီတဟာ လူငယ်တွေကြားမှာ ရေပန်းအလွန်စားတဲ့ ဂီတအမျိုးအစား တခုဖြစ်ပြီး သေချာ နားမထောင်ဖူးတဲ့ လူတွေ အတွက်တော့ သိပ်အမြင်ကြည်စရာမရှိတဲ့ ဂီတအမျိုးအစားတခုပါ။ မြန်မာပြည်မှာ ဒီ ဂီတရေစီးကြောင်းဖြစ်ပေါ်လာခဲ့တာ နှစ် ၂၀ ကျော် သက်တမ်းရှိပြီလို့ ဆိုရပါမယ်။
ဒါပေမယ့် ပရိသတ်ရှေ့ကို စစ်မှန်တဲ့ Hip Hop သီချင်းတွေကို သီဆိုပြီး ရောက်လာသူတွေက မရှိသလောက် ရှားလွန်းတာကို တွေ့မြင်ရမှာပါ။
ဒီအချိန်မှာ ထူးထူးခြားခြား နာမည်တခုနဲ့ Hip Hop အယ်လ်ဘန်တခု ထွက်လာပါတယ်။ အယ်လ်ဘန်ရဲ့ နာမည်က “အကုသိုလ်” လို့အမည်ရပါတယ်။
အဲဒီအခွေကို ဆိုထားသူကတော့ T+I+B (Time Is Bars) လို့ အမည်ရတဲ့ Underground Hip Hop အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဇော်ဗိုလ်ဖြစ်ပြီး သူ့ရဲ့ Mixtape အကုသိုလ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇော်ဗိုလ်ဟာ တွံတေးမြို့ကနေ ရန်ကုန်ကို လာရောက်နေထိုင်ပြီး သီချင်းတွေ လုပ်နေတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ် တယောက် ဖြစ်ပါတယ်။ ဒီအခွေထွက်ပြီးတဲ့ နောက်မှာ Underground Hip Hop ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေက လူကြိုက်ပိုများခဲ့ပါတယ်။
ဘာတွေပြောင်းလဲပြီလဲ သီချင်းကိုတော့ Zaw Bo တစ်ယောက်တည်းက ဆိုထားပြီး သီချင်းခေါင်းစဉ်မှာ ကတည်းက တင်ဆက်ချင်တဲ့ အကြောင်းအရာကို ထိထိမိမိဖော်ပြထားပါတယ်။
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးကို စိတ်ထဲ ချက်ချင်းပုံဖော်မိစေပါတယ်။
ပြောချင်တဲ့အကြောင်းအရာကို တည့်တိုး တင်ဆက်ထားပြီး
သီချင်း တစ်ပုဒ်လုံးက အစိုးရကိုတိုက်ရိုက် shout out လုပ်တဲ့ပုံစံမျိုးနဲ့ ရေးစပ်ထားတာပါ။
စာသားတွေက အားကောင်းပြီး
ကတိပေးထားရင် ဖြစ်အောင်လုပ်ဖို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တရားဥပဒေ စိုးမိုးရေး၊ ကုန်ဈေးနှုန်း စသည်ဖြင့် ထိထိမိမိ တင်ဆက်ထားပါတယ်။
“ကျွန်” သီချင်းမှာတော့ WG (ဝေကြီး) နဲ့ တွဲဆိုထားပါတယ်။
“ပြောင်းလဲချိန်တန်ပြီဆိုတဲ့ခေါင်းစည်းနဲ့ … နားထောင်ကြည့်တော့ အဟောင်းကြီး” ဆိုတဲ့ သူ့သီချင်းစာသားကို ကြည့်ရင်သိနိုင်ပါတယ်။
ဒီနေ့ခေတ် အဖြစ်အပျက်တွေကို ထင်ဟပ်စေတဲ့ စာသားမျိုးတွေပါသလို၊ “နှစ် ၆၀ ကျော်တုပ်နှောင်ပြီး မြေပေါ်နဲ့မြေအောက်မှာရှိ သယံဇာတတွေ ထုတ်ရောင်းပြီး” လိုမျိုး တခါကနိုင်ငံရေးအဖြစ်အပျက်တွေကိုလည်း အားကောင်း လှပတဲ့ကာရံတွေနဲ့ shout out လုပ်ထားတာ တွေ့ရပါတယ်။
WG ကလည်း “မင်းတို့ ဝိုင်းပြီးစော်ကား အလောင်းမင်းတရားကြီး အရှက်ကွဲ” ဆိုတာမျိုး၊ “ဝိုင်းပြီးတော့တွန်းရှာပါတယ် တကယ်တမ်းတော့ တစက်လေးတောင်မရွေ့” စတဲ့ စာသားတွေနဲ့ တင်ဆက်မှုက ပေါ့ပါးတယ် ထင်ရပေမယ့်လည်း သေချာနားထောင်ရင် စီးစီးပိုင်ပိုင် ရှိလှပါတယ်။
အခွေလုပ်ဖြစ်တဲ့ အကြောင်း
ကြည့်မြင်တိုင်မှာ နေထိုင်တဲ့ သူငယ်ချင်းတဦးက ခေါ်သွားလို့ သီချင်းတွေတီးတဲ့ A LvL (ကောင်းမှု) ဆီ ရောက်သွားရာက T+I+B ဆိုတဲ့ အဖွဲ့ကို ဖွဲ့ဖို့ ဖြစ်လာခဲ့တယ်လို့ ဇော်ဗိုလ်က ဆိုပါတယ်။
ဒီအခွေဟာ အဖွဲ့ ဖွဲ့ပြီး လေးနှစ် အတွင်းမှာ ပထမဆုံးထွက်ရှိခဲ့တဲ့ Mixtape ဖြစ်ပြီး အခွေအတွက် ပြင်ဆင်ချိန် နှစ်နှစ်ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ပိုပြီးဆိုဖြစ်တာကလည်း Hip Hop ဆိုတာ မကျေနပ်မှုတွေကို ထုတ်ဖော်ပြောလို့ အကောင်းဆုံး ဂီတ တခု ဖြစ်တာကြောင့် ခေတ်စနစ်နဲ့ ပတ်သက်တာတွေကို ပိုပြီး ဆိုဖြစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အကုသိုလ်လို့ ခေါင်းစဉ်တပ်ဖြစ်ခဲ့ပုံ
မိသားစုအတွင်း အထောက်အပံ့ သေချာ မပေးနိုင်သူ၊ သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သူ စတဲ့ သူတွေကို အကုသိုလ်ကောင်လို့ ခေါ်လေ့ရှိပါတယ်။ သူကိုယ်တိုင်လည်း အခေါ်ခံရဖူးတာကြောင့် ဇော်ဗိုလ်ဟာ သူ့ရဲ့ တသီးပုဂ္ဂလ ခံစားချက်နဲ့ သူ့ရဲ့ခွေကို အကုသိုလ်လို့ နာမည်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရောင်းတန်းဝင်ခွေတွေလို နာမည်မပေးချင် တာကြောင့် သူ့ရဲ့ အနုပညာနဲ့ သူပေးချင်တဲ့ အရာတွေက ရောင်းတန်းဝင် သီချင်းတွေ မဖြစ်ရင်တောင် နားထောင်တဲ့ လူအနည်းငယ်အတွက် ရင်ထဲရောက်ဖို့ ကိုပဲ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။
ခွေမထွက်ခင် ကြုံတွေ့ရတဲ့ အခက်အခဲ
တကယ်ရူးသွပ်တဲ့ အရာတွေကို ပြုလုပ်နေတာကြောင့် အခက်အခဲတွေကို ကြုံရပေမယ့် ရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်တခုနဲ့ အားတင်းပြီး ကြိုးစားခဲ့ကြောင်းနဲ့ Hip Hop က စိတ်ထွက်ပေါက်ဖြစ်တာကြောင့် ဘယ်လို အခက်အခဲပဲ ကြုံရ ကြုံရ သီချင်းရေးတာ၊ သီချင်းနားထောင်တာတွေ လုပ်လိုက်ရင် ပြန်ပြီး အားတွေ ရှိသွားတယ်လို့ ဆိုပါတယ်။
အခက်အခဲဆိုတာကို ကြုံရပြီိ ဆိုတာနဲ့ အခက်အခဲကို ကျော်ဖြတ်ဖို့ပဲ တွေးထားတာကြောင့် အခက်အခဲကို စနစ်တကျ ဖျက်ဆီးဖို့ပဲ တွေးထားတယ်လို့ ဇော်ဗိုလ်က ပြောပါတယ်။
မျှော်လင့်ချက်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အနုပညာလုပ်ငန်းများ
ရန်ကုန်သား မဟုတ်ဘဲ ရန်ကုန်မှာ လာရောက် ကြိုးစားနေတဲ့ ဇော်ဗိုလ်ဟာ သူ့ရဲ့ အကြိုက်ဆုံး အဆိုတော် ဖြစ်တဲ့ Bigg Y ရဲ့ စကားအတိုင်းပဲ ပရိသတ်တွေ လက်ခံတဲ့ လူဖြစ်အောင်တော့ ကြိုးစားချင်ပြီး အသိုင်းအဝိုင်းကျဉ်းကျဉ်းလေး ဖြစ်နေစေဦးတော့ သူ့အနုပညာကို နားလည်တဲ့ သူတွေ ကြိုက်ဖို့ လောက်ကိုပဲ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
အခုဆိုရင်တော့ ဇော်ဗိုလ်ဟာ Hip Hop နဲ့ ပတ်သတ်တဲ့ Show ပွဲတွေကို စတင် သီဆိုနေရပြီဖြစ်ပြီး လူငယ်တွေရဲ့ လက်ခံအားပေးခြင်းကို ခံနေရတဲ့ အဆိုတော် တဦး ဖြစ်လာပါပြီ။

photo by IMA
အခုထွက်ထားတဲ့ အကုသိုလ် အခွေပြီးတဲ့ နောက်မှာ အဖွဲ့လိုက် အခွေထပ်ထွက်ဖို့ ရှိနေပြီးတော့ မိဘတွေရဲ့ စိတ်ဆန္ဒအတိုင်း တက်လက်စ နည်းပညာတက္ကသိုလ်ကို ပြီးသွားအောင် ဆက်ပြီး တက်ဖို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ခွေကို အခမဲ့ဝေခဲ့တာ ဖြစ်ပေမယ့် ပရိသတ်လက်ခံလာအောင် ပြုလုပ်ပြီး Hip Hop နဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဇော်ဗိုလ်က ပြောပါတယ်။
ရေဗန်၊ ဒီဇင်ဘာ ၄။၂၀၁၈
ရန်ကုန်မြို့မှာ တနေရာနဲ့ တနေရာကို ပစ္စည်းပို့တဲ့ လုပ်ငန်းတွေဟာ အချိန်တို အတွင်းမှာ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ လူငယ်တွေဟာလည်း စက်ဘီးစီးတတ်ရုံနဲ့ အလုပ်ရနိုင်တဲ့ ဒီလုပ်ငန်းကို စိတ်ဝင်စားလာကြပါတယ်။ ရွှေဂုံတိုင် ခုံးကျော်တံတားအောက်မှာ နေ့တိုင်းနီးပါး တွေ့မြင်ရမယ့် ပစ္စည်းပို့ လူငယ်တဦးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးချင်ပါတယ်။







ဒီလို ခုံးကျော်တံတားတွေအောက်မှာ ရန်ကုန်မြို့က လူငယ်တွေဟာ အနားယူခြင်း ဘောလုံးကန်ခြင်း စကိတ်စီးခြင်း အကလေ့ကျင့်ခြင်း စတာတွေကို ပြုလုပ်လေ့ ရှိပါတယ်
ရေဗန် နိုဝင်ဘာ ၂၀၁၈။
စစ်အစိုးရအောက်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းကာလကို စတင်ရောက်ရှိလာချိန်က စလို့ မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့်တွေ ကုန်သွယ်ခွင့်ကို တရားဝင်ဖွင့်ပေးခဲ့တာတွေရှိလာပါတယ်။ ဒီလိုတွေ တိုးတက်လာတာရဲ့ နောက်ဆက်တွဲကတော့ လမ်းပန်းဆက်သွယ်ရေးကို တိုးချဲ့ရတာပါ။ ရန်ကုန်မြို့မှာ ၂၀၁၂ ခုနှစ်မှာ စတင်ပြီးတော့ ဂုံးကျော်တံတားတွေကို တည်ဆောက်ခဲ့ပါတယ်။
ဂုံးကျော်တံတားတွေ တည်ဆောက်ပြီးစီးချိန်မှာတော့ ပြည်သူတွေဟာ ဒီတံတားတွေအောက်မှာ အနားယူခြင်း၊ အားကစားပြုလုပ်ခြင်းတွေကို စတင်ပြုလုပ်ပါတော့တယ်။

ဂုံးကျော်တံတား ယဉ်ကျေးမှုဆိုတာ ဘာလဲ
ဂုံးကျော်တံတားတွေ တည်ဆောက်ပြီးတဲ့ နောက်မှာ လူငယ်တွေဟာ ဒီတံတားတွေအောက်မှာ လာရောက်အပန်းဖြေခြင်း၊ အကလေ့ကျင့်ခြင်း၊သီချင်းဆိုခြင်းတွေကို စတင်ပြုလုပ်လာကြသလို ခရီးတထောက်နားသူတွေလည်း ထုနဲ့ဒေး ဖြစ်လာပါတယ်။ အဓိကကတော့ ရန်ကုန်မြို့ရဲ့ မြေနေရာ ရှားပါးမှုကြောင့်လို့ပဲ ထင်ပါတယ်။
အားကစားကွင်းလုံလောက်စွာမရှိခြင်း လူငယ်တွေမှာ လိုအပ်တဲ့ ဖျော်ဖြေးရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ရှားပါးခြင်းကြောင့် မြန်မာလူငယ်တွေမှာ အခက်အခဲတွေဖြစ်နေတာတွေကို ဖြေရှင်းပေးတဲ့ နေရာဟာ ဂုံးကျော်တံတားတွေ အောက်က နေရာလွတ်တွေဖြစ်လာတာပါ။

တံတားအောက်မှာ အကလေ့ကျင့်တဲ့ လူငယ်များ
ဂုံးကျော်တံတားတိုင်းမှာ သူ့ ရိုးရာနဲ့သူ ရှိလာပါတယ်။ မြေနီကုန်းမှာရှိတဲ့ ဂုံးကျော်တံတားအောက်မှာတော့ လူငယ်တွေဟာ အကကို အဓိကထားပြီး လာရောက်လေ့ကျင့်ကြပါတယ်။
လူငယ်တွေ ပြောပြတဲ့ ဂုံးကျော်တံတားအကြောင်း
ဒီလို အက လာရောက်လေ့ကျင့်နေတဲ့ လူငယ်တွေထဲက လူငယ်တချို့က ဂုံးကျော်တံတားတွေ အကြောင်းကို ပြောပြထားပါတယ်။ Street Dance လို့ သတ်မှတ်ထားတဲ့ Popping Dance ကို လေ့ကျင့်နေတဲ့ “Mongoose” က

ဂုံးကျော်တံတားတွေ မရှိခင်က အိမ်မှာသာ ကခဲ့ရကြောင်း၊ အိမ်မှာ ကတဲ့ အခါ ကိုယ်ကနေတာကို အမှားဝေဖန်ထောက်ပြသူမရှိတာကြောင့် အခက်အခဲတွေ အများကြီး တွေ့ခဲ့ရကြောင်းပြောပြပါတယ်။

Popping Dance ကို လေ့ကျင့်နေတဲ့ နောက်ထပ် လူငယ်တဦးကတော့ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ “စွမ်း” ပါ။ ကျောင်းတဖက်နဲ့ ဒီလို တံတားအောက်မှာ အက လာရောက်နေတာကို မိဘတွေက သဘောတူတယ်လို့ ဆိုပါတယ်။ အချိန်ပိုင်းနဲ့သာ ကတာဖြစ်ပြီး အရင်ကလို လမ်းမတွေပေါ်မှာ ကနေတာထက် ဒီလို ဂုံးကျော်တံတားတွေအောက်မှာ လာရောက် ကနေတာ အရင်ကထက် ပိုအဆင်ပြေပြီး အန္တရာယ်လည်း ကင်းတယ်လို့ ပြောပါသေးတယ်။
ဂုံးကျော်တံတားအောက်က အခြားဘဝတွေ
ရန်ကုန်မှာ ဆောင်းဟာ ပျောက်လုနီးပါးဖြစ်နေပါတယ်။ ရာသီဥတု ပူပြင်းလွန်းတာကြောင့် ရန်ကုန်မြို့မှာ သွားလာသူတွေဟာ ဂုံးကျော်တံတားတွေအောက်မှာ ခရီးတထောက် နားလေ့ရှိကြပါတယ်။ ညနေစောင်းရင် ခြင်းခတ်သူတွေ၊ ဘောလုံးကန်သူတွေနဲ့ ပြည့်နေတဲ့ မြေနီကုန်း ဂုံးကျော်တံတားကို တွေ့မြင်ရမှာပါ။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ “ဒီဂုံးကျော်တံတားတွေကို ဘယ်လိုမွမ်းမံကြမလဲဆိုတဲ့ လူငယ်တွေရဲ့ အတွေးတွေကို ပုံဖော်ဖို့ ဆောင်ရွက်ခဲ့တာပါ။ ဂုံးကျော်တံတားတွေမှာ ကိုယ့်စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်လို့ ရပါတယ်။ လူငယ်တွေဟာ ရန်ကုန်မြို့ကို ဖန်တီးနိုင်တယ် ” လို့ မြေနီကုန်းဂုံးကျော်တံတားအောက် အနုပညာစီမံကိန်းပြီးစီးအောင်မြင်ခြင်း အခမ်းအနားမှာ ပြောခဲ့ပါတယ်။

မြေနီကုန်းဂုံးကျော်တံတား အသွင်ပြောင်း ပုံဖော်ရေးစီမံကိန်းမှာ ဘောလုံးကွင်း၊ခြင်းလုံးကွင်းများ၊ ဝိုင်းဖွဲ့ကရန် နေရာများ လျှောက်လမ်းများနဲ့ ခုံတန်းရှည်များကို ထည့်သွင်းကာတည်ဆောက်ထားခြင်းဖြစ်ပြီး Graffiti များနဲ့ အလှဆင်ထားပါတယ်။ ဒီစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ကျပ်သန်း ၄၀၀၀ကျော် အကုန်အကျခံကာ တည်ဆောက်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
ရေဗန် နိုဝင်ဘာ ၂၄။၂၀၁၈။
သူဟာ တနေကုန်ဈေးရောင်းပြီး ညဖက်ဆို သင်္ကန်းတိုက်ရှေ့မှာ သူငယ်ချင်းတွေနဲ့ တူတူအိပ်လေ့ရှိပါတယ်။ လမ်းဘေးမှာအိပ်ရတာက လွတ်လပ်လို့ အိမ်နဲ့ဆိုရင် မနေတတ်ဘူးလို့ ပြောပါသေးတယ်။
လူသားတိုင်းရဲ့ အိပ်မက်က ကိုယ်ပိုင်ဆိုင်တဲ့ အိမ်တလုံးရှိချင်ကြတာပါပဲ။ ဒါကြောင့်လည်း ငယ်စဉ်ထဲက အလုပ်လုပ်ကြ၊ ပညာ သင်ကြ ပိုက်ဆံရှာရင်း အတည်တကျဖြစ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ လူသာမန်တွေလို မဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်တာဆိုလို့ ဈေးဆိုင်လေး တခုသာ ရှိပေမယ့် အမြဲပြုံးပြီး ကိုယ့်လောက် အဆင်မပြေသူတွေကို ကူညီနေတာဟာ အံ့သြစရာပါ။
![IMG_0712[1]](https://ravensimagineslife.home.blog/wp-content/uploads/2018/11/img_07121.jpg?w=1100)
သူဘယ်သူလဲ
သူကတော့ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်မှာ ခိုစာ ရောင်းချတဲ့ အသက် (၆၂) အရွယ် ဒေါ်ပြုံးဖြစ်ပါတယ်။ ဆန်ရောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုခဲ့တဲ့ သူဟာ ငွေကြေးအဆင်မပြေမှုတွေ ဖြစ်ပြီး ဆန်ဆိုင် ပြုတ်သွားပြီး နောက် လမ်းဘေးမှာ စတင် ဈေးရောင်းချခဲ့ပါတယ်။
အိမ်ထောင် ၂ခါကျခဲ့ဖူးတဲ့ သူဟာ စီးပွားပျက်ပြီးနောက်မှာ လွှတ်ငါး ရောင်းခဲ့ပေမယ့် ရေကန်အတွင်း ငါးအသေးတွေကို လွှတ်တဲ့ အခါ ငါးအကြီးတွေက ပြန်လည်စားသောက်တာကို တွေ့ပြီးနောက် လိပ်ပြာမသန့်သလို ခံစားခဲ့ရလို့ ငါးရောင်းခြင်းကို စွန့်လွှတ်ခဲ့ပြန်ပါတယ်။ သားနှစ်ယောက် ထွန်းကားခဲ့တဲ့ သူဟာ အိမ်ထောင်ကျပြီး ဖြစ်တဲ့ သားတွေနဲ့ အတူတူမနေဘဲ ဈေးရောင်းတဲ့ နေရာတဲ့ ခပ်လှမ်းလှမ်းက သင်္ကန်းတိုက်တခုရဲ့ မျက်နှာစာမှာ အိပ်လေ့ရှိပါတယ်။ မနက် ၅ နာရီမှာ အိပ်ယာထ ကိုယ်လက်သန့်စင်ခြင်းတွေကို အများသုံး အိမ်သာတွေမှာ ပြုလုပ်ပြီး ရွှေတိဂုံဘုရားမှာ နေ့တိုင်း ဘုရားဝတ်ပြုပါသေးတယ်။ မနက် ၉နာရီမှာ ခိုစာရောင်းချခြင်းလုပ်ငန်းကို စတင်ပြီး ညနေ ၅နာရီမှာ ဆိုင်ပိတ်ပါတယ်။ ဒုတိယအိမ်ထောင်ကတော့ နေရပ်ကို ပြန်သွားပေမယ့် သူမက ရန်ကုန်သူ ဖြစ်နေလို့ ရန်ကုန်မြို့က မခွာချင်ဘူးလို့ ရင်ဖွင့်ပါသေးတယ်။
စားဝတ်နေရေး အခက်အခဲက ဘာတွေလဲ
မနက် ငါးနာရီမှာ ဘုရားဝတ်ပြုပြီး တနေကုန်ဈေးရောင်းတဲ့ သူဟာ ကိုယ်ပိုင်အိမ်မရှိတာကြောင့် လမ်းဘေးဆိုင်တွေမှာ ထမင်း ဝယ်စားပါတယ်။ ငါးရာဖိုးလောက် ဟင်းဝယ်ရင် တနေကုန်စားဖို့ လောက်ငှပြီး သူရဲ့ တနေ့တာ ဝင်ငွေက ၈ထောင်ကနေ တသောင်းထိ ရှိပါတယ်။ နောက်နေ့အတွက် အရင်းချန်တာတွေနဲ့ ဆိုရင် အမြတ်ငါးထောင်လောက်ကျန်ပေမယ့် သူဟာ အလှူအတန်း ရက်ရောလွန်းတာကြောင့် စုမိဆောင်းမိ သိပ်မရှိဘူးလို့ ပြောပါတယ်။ အားနာတတ်တဲ့ သူရဲ့ အကျင့်ကြောင့် ပိုင်ဆိုင်မှုတွေ တော်တော်များများကို ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိမှာ သူရဲ့ နေ့စဉ်အလှူက ခွေးသုံးကောင်ကို ထမင်းကျွေးခြင်း၊ သူနဲ့ အတူနေထိုင်တဲ့ အိမ်ယာမဲ့ အဖော်အမျိုးသမီးကို နေ့စဉ်ထမင်းကျွေးလေ့ရှိပါတယ်။ ဒီလို လှူရတဲ့ အတွက်လည်း အလွန်ပျော်တယ်လို့ ဆိုပါတယ်။
သူဟာ အိမ်ယာမဲ့ အဖြစ် နေထိုင်တာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့တာ ဖြစ်လို့ အခု ခိုစာရောင်းချတဲ့ လုပ်ငန်း လုပ်ကိုင်ချိန်မှာ ငွေအရင်းကို ချေးခဲ့ရတယ်လို့ ပြောပါတယ်။ ဗုဒ္ဓဘာသာဖြစ်တဲ့ သူဟာ အခါကြီး ရက်ကြီးတွေမှာ အလှူအတန်းလုပ်ချင်လို့ ချေးခဲ့ဖူးတဲ့ ပိုက်ဆံတွေကို အခုထိ ဆပ်နေရဆဲ ဖြစ်ပါတယ်။ သူအဓိက ရောင်းချတဲ့ ပြောင်းဖူးစေ့နဲ့ ပဲစေ့တွေကို ဗဟန်းဈေးမှ နေ့စဉ်ယူပြီး ရောင်းချတယ်လို့ ဆိုပါတယ်။ ဒီလို ရောင်းချတဲ့ အခါ ပဲစေ့က ရေစိမ်ရင် ပွားလာတာကြောင့် ပဲစေ့ကို ပိုမိုရောင်းချပါတယ်။
![IMG_0628[1]](https://ravensimagineslife.home.blog/wp-content/uploads/2018/11/img_06281.jpg?w=327&h=245)
![IMG_0629[1]](https://ravensimagineslife.home.blog/wp-content/uploads/2018/11/img_06291.jpg?w=329&h=247)
ဘာကြောင့် အိမ်ယာမဲ့ ဖြစ်ခဲ့တာလဲ
အပျိုဘဝမှာ ကင်ဆာဖြစ်တဲ့ မိခင်ကို ငွေချေးပြီး ဆေးကုပေးရင်းက အကြွေးမဆပ်နိုင်တော့တာကြောင့် အိမ်ကို ရောင်းချခဲ့ရပါတယ်။ ပထမအိမ်ထောင်နဲ့ နေထိုင်စဉ် အိမ်ငှားနေထိုင်ခဲ့ပြီး ခင်ပွန်းကွယ်လွန်ပီးနောက်မှာတော့ အိမ်ယာမဲ့ အဖြစ်သာ နေထိုင်ခဲ့ရင်း ရဲဖြစ်သူ ဒုတိယအိမ်ထောင်နဲ့ အကြောင်းပါခဲ့ပါတယ်။ ဒုတိယခင်ပွန်း နေရပ်ပြန်ချိန်မှာ လိုက်သွားခြင်းမရှိဘဲ ခိုစာကိုသာ ဆက်လက်ရောင်းချနေထိုင်ခဲ့ပါတယ်။ အိမ်ယာမဲ့ အဖြစ်နေထိုင်ရလို့ ရှက်ခြင်း၊သိမ်ငယ်ခြင်း ဖြစ်တာတွေကို မတွေ့ရဘဲ ပြုံးပြုံးရွှင်ရွှင်အမြဲနေတတ်လို့ သူရဲ့ နာမည်ဟာ သူနဲ့ ကိုက်ညီလွန်းတာကို အံ့သြဖွယ် တွေ့မြင်ရပါသေးတယ်။
လမ်းဘေးဈေးသည် ဖြစ်တာကြောင့် စည်ပင်သာယာဝန်ထမ်းတွေ လာရောက် ဖမ်းဆီးတာတွေ ကိုလည်း ကြုံရပါသေးတယ်။ သူက တနိုင်တပိုင်သာ ရောင်းချသူဖြစ်တာကြောင့် ပစ္စည်းအသိမ်းမခံရပေမယ့် ဈေးရောင်းချိန် ကန့်သတ်မှုတွေ ရှိလာပါတယ်။ မနက်စောစောဟာ ဈေးရောင်းကောင်းတဲ့ အချိန်တွေမှာ မရောင်းရဘဲ မနက် ၉ နာရီမှသာ ရောင်းရတာကြောင့် ဝင်ငွေတော့ နည်းသွားတယ်လို့ ဆိုပါတယ်။
![IMG_0710[1]](https://ravensimagineslife.home.blog/wp-content/uploads/2018/11/img_07101.jpg?w=303&h=227)
![IMG_0586[1]](https://ravensimagineslife.home.blog/wp-content/uploads/2018/11/img_05861.jpg?w=300&h=225)
လိုချင်တပ်မက်မှုနည်းလွန်းသူ
အသက်အရွယ်ကြီးမြင့်နေပြီ ဖြစ်လို့ နေအိမ်တလုံးလိုအပ်နေဟန်တူနေပေမယ့် သူကတော့ သူရဲ့ လက်ရှိဘဝကို ကျေနပ်နေတယ်လို့ ဆိုပါတယ်။ စကားပြောရာမှ နိမ့်ချပြောဆိုလေ့ရှိတဲ့ သူက လူ့လောကမှာ အလွန်ဆုံးနေရရင် သုံးနှစ်၊လေးနှစ်လောက်သာ ဖြစ်လို့ အခုလုပ်နေတဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး စားသောက်ဖို့ လုံလောက်နေတာကြောင့် အိမ်ယာမဲ့ ဘဝနဲ့ပဲ နေထိုင်တော့မယ်လို့ ခပ်ဝေးဝေးကို ငေးရင်း ဖြေဆိုခဲ့ပါတယ်။
စာဖတ်သူအားလုံးကို ကြိုဆိုပါတယ်။
ကျမက ဒီ ဘလော့ကို စတင်ခဲ့တဲ့ Raven ဖြစ်ပါတယ်။ ဒီဘလော့ကို စတင်ဖြစ်တဲ့ အကြောင်းအရင်းကတော့ ကျမစိတ်ကူးမိတာတွေ၊ကျမ နှစ်သက်တာတွေကို စာဖတ်သူတွေကို Share ပေးချင်တာကြောင့်ဖြစ်ပါပဲ။ စာဖတ်သူတွေနဲ့ ရင်းနှီးသွားချင်လို့ ကျမရဲ့ အကြောင်းအနည်းအကျဉ်းကို ဖော်ပြပေးချင်ပါတယ်။ကျမက လောလောဆယ်မှာ ရန်ကုန်မြို့မှာ နေထိုင်ပြီး သတင်းမီဒီယာ တခုမှာ ဘာသာပြန် သတင်းရေးသားသူအဖြစ် လုပ်ဆောင်နေပါတယ်။ ကျမက ရှမ်းပြည်ကနေ ရန်ကုန်ကို လာပြီး အလုပ်လုပ်ရတာ ဖြစ်လို့ ရန်ကုန်ရောက်စမှာ အခက်အခဲ အများကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ အဓိက ကတော့ နယ်က ပြောင်းလာသူတွေ ရန်ကုန်မှာ နေထိုင်သွားလာတာ အဆင်ချောစေဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။
အခါအားလျော်စွာ ခရီးသွားလာခြင်းအကြောင်းတွေ၊ရုပ်ရှင်ဇာတ်ကားအညွှန်းတွေနဲ့ မြန်မာနိုင်ငံ အနှံ့က အစားအသောက်တွေနဲ့ ပတ်သက်တာတွေကို ဖော်ပြပေးသွားပါတယ်။ နောက်ပိုင်းမှာ ကျမဖတ်ဖူးတဲ့ စာအုပ်တွေအပေါ် ကျမ အမြင်တွေ၊ဂီတနဲ့ ပတ်သက်တဲ့ အင်တာဗျူး ဗီဒီယိုတွေကိုလည်း ဖော်ပြပေးဖို့ရည်ရွယ်ထားပါတယ်။

အခါအားလျော်စွာ ခရီးသွားလာခြင်းအကြောင်းတွေ၊ရုပ်ရှင်ဇာတ်ကားအညွှန်းတွေနဲ့ မြန်မာနိုင်ငံ အနှံ့က အစားအသောက်တွေနဲ့ ပတ်သက်တာတွေကို ဖော်ပြပေးသွားပါတယ်။ နောက်ပိုင်းမှာ ကျမဖတ်ဖူးတဲ့ စာအုပ်တွေအပေါ် ကျမ အမြင်တွေ၊ဂီတနဲ့ ပတ်သက်တဲ့ အင်တာဗျူး ဗီဒီယိုတွေကိုလည်း ဖော်ပြပေးဖို့ရည်ရွယ်ထားပါတယ်။
ခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊တယောက်ထဲ ခရီးသွားလိုတဲ့ မြန်မာမိန်းခလေးတွေ အတွက် လိုအပ်တဲ့ အချက်အလက်တွေကို သိချင်တယ်ဆိုရင် ကျမက သင့်ရဲ့ ခရီးသွားဖော် အဖြစ် ရှိနေမှာ ဖြစ်လို့ လာရောက်ဖတ်ရှုစေချင်ပါတယ်
စိတ်ဝင်တစား ဝင်ရောက်ဖတ်ရှုပေးတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
Thanks for joining me!
Good company in a journey makes the way seem shorter. — Izaak Walton
